ဇန်နဝါရီ - ၃၁ ( သောကြာနေ့ )
၂၀၂၂ ယူကရိန်း- ရုရှား ပဋိပက္ခ အရှိန်မြင့်လာပြီးနောက်မှာ ဥရောပသမဂ္ဂ( အီးယူ) က ဈေးနှုန်းသက်သာတဲ့ ရုရှား ရေနံနဲ့ ဂတ်စ်တွေတင်သွင်းမှုကို အရှိန်မြှင့်ပြီးလျှော့ချဖို့အတွက် ကြိုးပမ်းလာခဲ့ကြပါတယ်။ အဲ့ဒိကိစ္စက အီးယူနိုင်ငHအချင်းချင်းကြားမှာ သဘောထားကွဲလွဲမှုတွ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ ပဋိပက္ခဖြေရှင်းရေးကို အာရုံစိုက်လာမှုတွေ ရှိလာပါတယ်။ သဘောတူညီမှုတစ်ခုပြုလုပ် နိုင်ခဲ့ရင် အဲ့ဒိသဘောတူညီမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ ရုရှားရေနံနဲ့ ဂတ်စ်တင်သွင်းမှု ပြန်လည်စတင် နိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အီးယူတာဝန်ရှိသူတွေလုပ်ဆောင်နေတယ်လို့ စီးပွားရေးဆိုင်ရာသတင်းဌာန တစ်ခုက ဖော်ပြခဲ့ပါတယ်။
ဂျာမနီနှင့် ဟန်ဂေရီတို့မှ တာဝန်ရှိသူများက ရုရှားမှ သွင်းကုန်များ ပြန်လည်စတင်ခြင်းက အီးယူရဲ့ စွမ်းအင်ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်ပြီး စေ့စပ်ညှိနှိုင်းမှုများ လုပ်ဖို့အတွက် မော်စကို အစိုးရကို တိုက်တွန်း ပေးနိုင်တယ်လို့ ဆိုလာကြပါပြီ။ သူတို့က အပစ်ရပ်ရေးအတွက် ရုရှား ၊ ယူကရိန်း ၂ နိုင်ငံလုံးနဲ့ လှုံ့ဆော်ပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
"စွမ်းအင်ဈေးနှုန်းနဲ့ ပတ်သက်လာလို့ရှိရင် အီးယူအဖွဲ့ဝင်နိုင်ငံကြီးတွေဆီမှာ ဖိအားတွေရှိနေပါတယ်၊ အဲ့ဒါက ပြဿနာတွေကို ကျဆင်းစေမယ့် နည်းလမ်းတစ်ခုပါပဲ" လို့ အီးယူအရာရှိတစ်ဦးက Finalcial Times သတင်းဌာနသို့ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အဲ့ဒိအယူအဆက အစဉ်အလာအရ ရုရှားအား အပြောအဆိုအများဆုံး ဝေဖန်သူများဖြစ်ကြတဲ့ အီးယူဌာနချုပ် ဘရပ်ဆဲလ်ရှိ အရာရှိများနှင့် အရှေ့ဥရောပမှ သံတမန်တွေရဲ့ အယူအဆ ဖြစ်ပါတယ်။ သူတို့က မော်စကိုရဲ့ ပို့ကုန်ဝင်ငွေများ တိုးမြင့်လာခြင်းနှင့် ရုရှားစွမ်းအင်အပေါ် အီးယူအဖွဲ့ မှီခိုအားထားမှုအား လျှော့ချရန် ကြိုးစားနေမှုကို နောက်ပြန်လှည့်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်လို့ သတင်းဌာနရဲ့ အာဘော်အရ သိရပါတယ်။
မော်စကိုအစိုးရဘက်ကလည်း အဆိုပါ အစီအစဉ်ရဲ့ ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး သံသယရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ EU သည် မကြာမီကာလအတွင်း ရုရှားဓာတ်ငွေ့ဝယ်ယူမှုများကို ပြန်လည်စတင်ရန် ပြင်ဆင်နိုင်ဖွယ်မရှိကြောင်း ဒူမားလွှတ်တော် စွမ်းအင်ကော်မတီ ပထမဥက္ကဌ အိုင်ဂေါအာနန်စကစ်က ပြည်တွင်းမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။
အီးယူဘက်က ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှား စွမ်းအင်တွေကို ပိတ်ဆို့အရေးယူမှုတွေလုပ်တာရယ် ၊ Nord Stream ပိုက်လိုင်းကို ၂၀၂၂ ခုနှစ်က ဖျက်ဆီးမှုများလုပ်ခဲ့တာတွေရယ်ကြောင့် ရုရှားက အီးယူနိုင်ငံတွေကိုပို့နေတဲ့ စွမ်းအင်ပမာဏကို လျှော့ချခဲ့ပါတယ်။ အီးယူနိုင်ငံတွေ သုံးနေတဲ့ စွမ်းအင်ပမာဏ ၄၀% ကျော်ကျော်က ရုရှားဆီက ရနေတာပါ။ နော့စထရင်း ဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်ခဲ့တာက အီးယူနိုင်ငံတွေကို ရုရှားကပို့တဲ့ ဓာတ်ငွေ့တွေအပေါ် ယူကရိန်းကလက်ဝါးကြီး အုပ်ထားလို့ပဲဖြစ်ပါတယ်။
မော်စကိုနှင့် သဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် ယူကရိန်းက ၎င်း၏ပိုင်နက်အတွင်း ရုရှားဓာတ်ငွေ့များ စီးဆင်းမှုကို ဇန်နဝါရီ ၁ ရက်က ရပ်တန့်စေခဲ့ပါတယ်။ အီးယူက အမေရိကန်နှင့် နော်ဝေးကဲ့သို့သော နိုင်ငံများမှ ပိုမိုဈေးကြီးသော သဘာဝဓာတ်ငွေ့အရည် (LNG) တင်သွင်းမှုများကြောင့် စွမ်းအင်ဈေးနှုန်းများ တက်လာပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်ထုတ် LNG ကို ပိုမိုဝယ်ယူရန် အီးယူနိုင်ငံတွေကို ယခင်က တိုက်တွန်းခဲ့ပြီး မလိုက်နာပါက အခွန်ကောက်ခံမှုတိုးမြင့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ မြင့်မားသော စွမ်းအင်ဈေးနှုန်းများက အီးယူစီးပွားရေးကို သိသိသာသာ ထိခိုက်လာစေပါတယ်။ တရားဝင်အချက်အလက်များအရ အီးယူရဲ့ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီရဲ့ စီးပွားရေးက ၂၀၂၄ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် ကျုံ့သွားတယ်လို့ သိရပါတယ်။
REF - RT
#MNP #News #International #Germany
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment