လေယာဉ်ပျက်ကျတဲ့နေရာကို ကျုပ်ကဘာသွားလုပ်ပေးရမှာလဲ၊ ရေသွားကူးပြရမလား လို့ ထရမ့်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လေယာဉ်ပျက်ကျတဲ့နေရာကို ကျုပ်ကဘာသွားလုပ်ပေးရမှာလဲ၊ ရေသွားကူးပြရမလား လို့ ထရမ့်ဆို



ဇန်နဝါရီ - ၃၁ ( သောကြာနေ့ ) 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ဝါရှင်တန်ဒီစီမြို့နားက ပိုတက်မက် မြစ်ပေါ်မှာ ခရီးသည်တင်လေယာဉ်တစ်စင်းနဲ့ စစ်သုံး ရဟတ်ယာဉ် တစ်စင်းတို့ ကောင်းကင်ပေါ်မှာ တိုက်မိပြီး ပေါက်ကွဲပျက်ကျသွားပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာရော ၊ သတင်းမီဒီယာတွေမှာပါ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ 

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီလိုပုဂ္ဂိုလ်မျိုးကတောင် ဝမ်းနည်းကြောင်းစကားတွေ ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လေယာဉ်ပေါ်ပါတဲ့ လေယာဉ်ဝန်ထမ်းတွေ အပါအဝင် လူ ၆၀ကျော်အတွက် သင်တို့ရဲ့ဝိဉာဉ်တွေ အေးချမ်းစွာ အနားရပါစေ ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။ 

အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး မနေ့က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက သမ္မတ အနေနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို မသွားဘူးလားလို့ မေးမြန်းရာမှာ သမ္မတ ထရမ့်က “ကျနော့်မှာ အစီအစဉ်တွေ ရှိပါတယ်။ အဲ့ဒိနေရာကိုသွားဖို့တော့မဟုတ်ပါဘူး။ ခင်ဗျားတို့က ကျနော့်ကို မေးတယ်။ ဘာလို့ မသွားတာလဲတဲ့။ အဲ့ဒိရေတွေရှိတဲ့နေရာကို၊ ဘာလဲ ကျနော်ရေသွားကူးပြရမှာလား။ အခြားအဲ့ဒိထက် ပိုအရေးကြီးတာတွေ မလုပ်သင့်ဘူးလား” လို့ ပြန်ဖြေသွားပါတယ်။ 


REF: times now

#MNP #News #American #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)