ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ



ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကျောင်းသား၊ ကျောင်းသူများကို ပညာရေး၊ ကျင့်ဝတ်၊ စာရိတ္တ၊ ဘက်စုံတိုးတက်ပြီး နိုင်ငံတကာအဆင့်မီပညာရေးစံနှုန်းများနှင့်အညီ လူတော်၊ လူကောင်း၊ ပညာရှင်များအဖြစ် ပေါ်ထွက်စေရန်ရည်ရွယ်၍ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပသည်။ အဆိုပါဆုပေးပွဲအခမ်းအနားသို့ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းစီမံအုပ်ချုပ်သူကျောင်းအုပ်ဆရာကြီး ဦးမြသန်းနှင့် ဆရာဆရာမများ ဖိတ်ကြားထားသော ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းစီမံအုပ်ချုပ်သူ ကျောင်းအုပ်ဆရာကြီး ဦးမြသန်းက နုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများမှ အနုပညာရသစွမ်းရည်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ပညာရည်ချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါကျောင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သုံးထပ်ကွမ်း၊ နှစ်ထပ်ကွမ်းအပါအ၀င် လူရည်ချွန် (၁၅) ဆု၊ လူရည်ချွန်(၁ဝ)ဦးရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူရည်ချွန်အများဆုံးရရှိသော ကိုယ်ပိုင်ကျောင်းဖြစ်ကြောင်း သိရသည်။


ကျော်ဆန်းမြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)