မိတ္ထီလာမြို့နယ်အတွင်းမှအခြေခံပညာကျောင်း ၂၆၃ကျောင်းရှိ KG တန်း ကျောင်းသူ၊ ကျောင်းသား ၄၈၄၆ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်အတွင်းမှအခြေခံပညာကျောင်း ၂၆၃ကျောင်းရှိ KG တန်း ကျောင်းသူ၊ ကျောင်းသား ၄၈၄၆ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်


မိတ္ထီလာ၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့က အ.ထ.က(၅) ရှမ်းတဲတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးသည့်နေရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်နှင့် ဆရာဆရာမများက အ.ထ.က (၅)ရှမ်းတဲကျောင်းရှိ KG တန်းတွင် ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသား ၁ဝ၅ ဦးအား အာဟာရကျွေးမွေးခြင်းများဆောင်ရွက်ခဲ့သည်။ အလားတူ မြို့နယ်အတွင်းရှိ အခြားအခြေခံပညာကျောင်းပေါင်း ၂၆၂ ကျောင်းရှိ  KG တန်းကျောင်းသူ ကျောင်းသားများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်ခဲ့သည်။အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယခုပထမအကြိမ်အပါအဝင် ဇန်နဝါရီလအတွင်းနှစ်ကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ချမ်းသာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)