ဆိပ်ကြီးခနောင်တို- ဒလတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း၏ တံတားစီမံကိန်းမြေ ဧရိယာအတွင်း ပါဝင်သွားသော ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ မြေကွက်ပိုင်ရှင်များအား မြေယာလျော်ကြေးငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တို- ဒလတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း၏ တံတားစီမံကိန်းမြေ ဧရိယာအတွင်း ပါဝင်သွားသော ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ မြေကွက်ပိုင်ရှင်များအား မြေယာလျော်ကြေးငွေပေးအပ်




ဆိပ်ကြီးခနောင်တို၊ ဇန်နဝါရီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်သည့်  ဆိပ်ကြီးခနောင်တို- ဒလတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း၏ တံတားစီမံကိန်းမြေ ဧရိယာအတွင်း ပါဝင်သွားသော ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ မြေကွက်ပိုင်များထံသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွေးက မြေယာလျော်ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွေးနှင့် မြို့နယ်မြေယာလျော်ကြေးပေးအပ်ရေးအဖွဲ့ဝင်များက တံတားတည်ဆောက်ခြင်း စီမံကိန်းမြေဧရိယာအတွင်းပါဝင်သည့် မြေနှင့်အိမ်ပိုင်ရှင်များထံသို့ လျော်ကြေးငွေများ အသီးသီးပေးအပ်ခဲ့သည်။

ယခု လျော်ကြေးငွေများပေးအပ်ရာတွင် မြေယာလျော်ကြေးပေးအပ်ရန် စုစုပေါင်းမြေကွက်(၆၄)ကွက်နှင့် အိမ်(၃)လုံးရှိသည့်အနက် မြေကွက်(၂၉)ကွက်၊ အိမ်(၂)လုံးပိုင်ရှင်များအား လျော်ကြေးပေးအပ်ရန်  သတ်မှတ်အထောက်အထားများနှင့်အညီ မြေယာလျော်ကြေးငွေ စုစုပေါင်းငွေကျပ်သိန်း(၃၈၈၀)အားပေးအပ်ခဲ့ပြီး ကျန်ရှိသည့် မြေကွက်ပိုင်များကိုလည်း မြို့နယ်မြေယာလျော်ကြေးပေးအပ်ရေးအဖွဲ့သို့  လာရောက်ဆက်သွယ်လာပါက မြေယာလျော်ကြေးများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝေယံ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)