မိုင်းပျဉ်း , ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မအားကစားကွင်းအတွင်း၌ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ပြဇာတ်ကြီးတပ်စု)မှ လာရောက်ကပြဖျော်ဖြေခြင်းကို ယမန်နေ့ ည (၈)နာရီအချိန်မှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများက ဦးဆောင်၍ ပွဲတော်အား မီးရှူးမီးပန်းများ လွှတ်တင်ကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးလေးများက ယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများ၊ ဟာသပဒေသာများနှင့် မျက်လှည့်တင်ဆက်မှုများဖြင့် ဖျော်ဖြေပေးကြရာ တပ်နယ်မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပွဲတော်လာဧည့်ပရိသတ်အပေါင်းတို့က ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်ပြဇာတ်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို (၄-၁-၂၀၂၅)ရက်နေ့မှ (၇-၁-၂၀၂၅)ရက်နေ့အထိ (၃)ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကပြတင်ဆက်သွားမည်ဖြစ်ရာ မြို့မအားကစားကွင်းအကွင်း ပွဲကြည့်/ပွဲလာဧည့်ပရိသတ်များ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment