ရွှေတောင်မြို့နယ် အမှတ်( ၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အမှတ်( ၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်

 





ရွှေတောင်၊ ဇန်နဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အမှတ် ( ၁) အထည်စက်ရုံတွင် ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ရာတွင်ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးဦးဆောင်၍ ​ရွှေတောင်မြို့နယ် အမှတ်( ၁) အထည်စက်ရုံအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ စက်ရုံ အတွင်း မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မီးသတ်ဆေးဘူးများဖြင့် ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ကို စက်ရုံသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်းဇာတ်တိုက်သရုပ်ပြခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)