ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပူတာအိုခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု၊ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပူတာအိုခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု၊ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း


မြစ်ကြီးနား၊ ဇန်နဝါရီ ၁၄

ပူတာအိုမြို့၌ ရောက်ရှိနေသော လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပူတာအိုမြို့ ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည့် ပူတာအိုခရိုင် အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

တွေ့ဆုံစဉ် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့် တာဝန်ရှိသူများက ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ဖြန့်ဖြူးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။

ထို့နောက် ပူတာအိုခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ထိန်းသိမ်း ပြီး စည်းလုံးညီညွတ်စွာ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်း များ၏ တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက် များဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ခရိုင်အတွင်း ရှိ အရာထမ်း၊ အမှုထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)