ရွှေတောင်မြို့နယ်အတွင်း ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရှောင်တခင်စစ်ဆေး


ရွှေတောင်၊ ဇန်နဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ရွှေတောင်မြို့မစျေးအတွင်းတွင် ယမန်နေ့ နံနက် ပိုင်းက စျေးဆိုင်၊ ကုန်စုံဆိုင်၊  ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်း စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဦးစီးဌာန ( FDA) ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးများ ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့မစျေးတာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဝင်များမှ ရွှေတောင်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသည့်စျေးဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင် စျေးကွက်ထောက်လှမ်းစစ်ဆေးခြင်းနှင့်အစားအသောက်နမူနာ ကောက်ယူခြင်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)