စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟုမ္မလင်းမြို့နယ် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟုမ္မလင်းမြို့နယ် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

 


မုံရွာ၊ ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိ သူများနှင့်အတူ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ် နားသကျိုက်ကျေးရွာအနီး နမ့်ပင ချောင်းပေါ်တွင် တည်ဆောက် လျက်ရှိသည့် နမ့်ပငအသေးစား ရေအားလျှပ်စစ် စီမံကိန်းကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနအမှတ် (၂) တည်ဆောက် ရေးမှ လက်ထောက်ညွှန်ကြားရေး မှူးက နမ့်ပင အသေးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက် ရေး လုပ်ငန်းများအား ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာ နှစ်အတွင်း အရည်အသွေး ကောင်းမွန်စွာ တည်ဆောက်ပြီးစီး ရေး၊ ဘဏ္ဍာနှစ်အလိုက် ရရှိသည့် ရန်ပုံငွေအပေါ် စနစ်တကျ သုံးစွဲ ကာ သတ်မှတ်ချိန်အမီ ပြီးစီးရေး နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင် ခွင်အန္တရာယ်ကင်းရှင်း ရေးတို့ကို မှာကြားကာ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ခွင်အတွင်း တည်ဆောက်နေ သည့် ပင်မတမံ ကွန်ကရစ်သန်းလောင်းပြီးစီးမှာကလုပ်မှု နှင့် တည်ဆောက်ရေးလုပ်ငန်းသုံး ကျောက်နှင့် သဲထုတ်လုပ်နေမှုများ ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ် စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇ ဒသမ ၅ မိုင်ခန့် အကွာ နားသကျိုက်ကျေးရွာ အနီးတွင် တည်ရှိကာ Concrete Gravity Dam တမံအမျိုးအစားဖြစ်ပြီး တပ်ဆင် စက်အင်အားမှာ ခြောက်မဂ္ဂါဝပ် ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ပျမ်းမျှ ၃၄ ဒသမ ၆၈ သန်းကီလိုဝပ် နာရီ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ အားလုံး၏ ၅၆ ဒသမ ၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)