မြစ်ကြီးနား ဇန်နဝါရီ ၁၄
ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းအောင်မြင် လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ဦးစွာ ပူတာအိုမြို့ ပန်းလှိုင် ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေး မတည်ရန်ပုံငွေကျပ် သန်း ၆၀ ဖြင့် အစုအဖွဲ့ပိုင် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်နေရာ၌ မြေဧရိယာ ၃ ဒသမ ၃၄၄ ဧက ပေါ်တွင်ငါးကန် ကိုးကန်တူးဖော်၍ ငါးမွေးမြူရေး လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် . ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သည် အဆိုပါ ခြံဝင်းအတွင်း ဒေသကြက်များ မွေးမြူထားရှိမှု၊ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက် ထားရှိမှုနှင့် ငါးကန်များတူးဖော် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ရပ်ကွက်အတွင်း ဟင်းသီး ဟင်းရွက်ပင်များ စိုက်ပျိုးထားရှိမှု ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေး မတည်ရန်ပုံငွေကျပ် သန်း ၂၀ ဖြင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်လျက်ရှိသည့် ရွှေတောင် သမဝါယမအသင်း လီမိတက်ပိုင် ခေါက်ဆွဲစက်ရုံသို့ သွားရောက်ပြီး ဆန်ခေါက်ဆွဲတိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် တိုးချဲ့အဆောင် သစ် ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဒီဇယ်အင်ဂျင်ဖြင့် ထုတ်လုပ်လည်ပတ်နိုင်မှု အခြေ အနေများကို လည်းကောင်း၊ နေအိမ်ခြံဝင်းအတွင်း မိသားစု တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက် ထားရှိမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။ ဆန်ခေါက်ဆွဲထုတ်လုပ်ရာ တွင် ကုန်ကြမ်းရရှိမှု၊ ဈေးကွက် ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ် သည်များကို ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးသည်။
ထို့အတူ အဆိုပါ ရပ်ကွက် အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သန်း ၅၀ မတည်ကူညီ မှုဖြင့် တိုးတက်ဖြစ်ထွန်းလျက်ရှိ သည့် စူပါဝမ်းစက်မှုလက်မှု သမဝါယမအသင်းလီမိတက်ပိုင် အဆင့်မြင့် ဝါးတူထုတ်လုပ်ရေးစက်ရုံသို့သွားရောက်ပြီး ဝါးကုန် ကြမ်းများ စုဆောင်းထားရှိမှု အခြေအနေများ၊ ဝါးလုံးအား ကြိတ်ခွဲပြီး ဝါးတူအချောထည် အဆင့်ထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။ ပြည်နယ်ဝန်ကြီးချုပ်က ဝါးကုန်ကြမ်းရရှိမှု၊ ဈေးကွက် ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေ များကို မေးမြန်းဆွေးနွေးကာ ဒေသတွင်းသာမက ပြည်နယ် အတွင်း လုံလောက်စွာထုတ်လုပ် ဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်း သည့် နမ်ထွမ်ချောင်းရေတိုက်စား မှုမှ ကာကွယ်ရန် ကျောက်စီရေ ထိန်းတမံ တည်ဆောက်ပေးနိုင်ရေး ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment