ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့ ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်သို့ သွားရောက်ပြီး ယဉ်ကျေးမှုဖလှယ်ပွဲ အထိမ်းအမှတ်ဖွင့်လှစ်ထားသည့် ဘာသာ စကားဌာနအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်ခန်းများကို လှည့် လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ယဉ်ကျေးမှုဖလှယ်ပွဲ (Culture Exchange 2025) အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး ဘာသာစကားအလိုက် ယဉ်ကျေးမှုကပွဲများ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ ရောက် ရှိ ပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဘာသာရပ်ဌာနများနှင့် တက္ကသိုလ်ပရဝဏ်အတွင်း လှည့်လည် ကြည့်ရှုပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေးတို့ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန် ဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)