မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲအစည်းများက ဆရာတော်ကြီးများအား အဋ္ဌကထာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲအစည်းများက ဆရာတော်ကြီးများအား အဋ္ဌကထာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ


မကွေး၊ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲအစည်းများက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့က မကွေးမြို သံဃာရာမကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိုမိမြိုဖများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားသို နိုင်ငံတော်ဩဝါဒါစရိယ၊ မကွေးမြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ ဩဝါဒါစရိယ မကွေးမြို သံဃာရာမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲဝင် ဘဒ္ဒန္တဥတ္တရ၊ မကွေးမြို မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ ဩဝါဒါစရိယဆရာတော်များ၊ မကွေးမြို ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့် မကွေးမြို မဟာဝိသုတာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလတို တက်ရောက်ချီးမြှင့်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မကွေးမြို သံဃာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တစိန္တာသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကားလျှောက်ထားသည်။

ယင်းနောက် မကွေးမြို သံဃာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တစိန္တာသာရ၊ မကွေးမြို မဟာဓမ္မိကာရာမတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ တောင်တွင်းကြီးမြို ငှက်ပစ်တောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတတိုက သြဝါဒစကားမိန့်ကြားကြသည်။

ထိုနောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်ချအနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုအစုတိုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)