နေပြည်တော်၊ ဇန်နဝါရီ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၇-၁-၂၀၂၅ ရက်နေ့က တပ်ကုန်းမြိုနယ် ရေဝေချောင်း (ပိတောက်ချောင်း) နှင့် ကျောက်ဆည်ချောင်း (ငါးရံ့ချောင်း) တိုအပေါ်၌ တည်ဆောက်ထားသော ကင်းသာရေထိန်းတမံတွင် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသိုကြည့်ရှုစဉ် တာဝန်ရှိသူများက တမံရေဝင်ချောင်းတစ်ခုဖြစ်သည့် ပိတောက်ချောင်းမှ အခြားရေဝင်ချောင်းတစ်ခုဖြစ်သည့် ငါးရံ့ချောင်းအတွင်းသို ရေလွှမြောင်းဖောက်လုပ်နေမှု၊ တမံ၏ မူလရေလှောင်ပမာဏ ပြန်လည်ပြည့်မီသိုလှောင်နိုင်ရေးအတွက် ရေဝပ်ဧရိယာအတွင်းမှ သဲနုန်းများ တူးဖော်ဖယ်ရှားနေမှု၊ ရေထုတ်ပြွန်နှင့် တမံပိုမိုခိုင်ခံ့စေရန် ကွန်ကရစ်လောင်းနေမှုနှင့် သတ်မှတ်ထားသည့် ရေလမ်းကြောင်းနေရာ တူးဖော်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထိုနောက် ဒုတိယဝန်ကြီးက နောင်ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားပါက တမံဘေးကင်းလုံခြုံပြီး ရေရှည်ကြံ့ခိုင်စေရေးအတွက် စံချိန်စံညွှန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများ စိုက်ပျိုးရေ အခက်အခဲမရှိ ပေးဝေနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment