တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု






ထားဝယ်၊ ဇန်နဝါရီ ၁၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (အင်္ဂလိပ်စာနှင့်သင်္ချာ)စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် ယခုထက် ထူးချွန်သူများဖြစ်အောင် ကြိုးစားအားထုတ်ပေးကြရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြရန်လိုအပ်ကြောင်း၊ ယခုလိုအောင်မြင်လာခြင်းသည် မိဘ၊ ဆရာ၊ ကျောင်းသားများ ပူးပေါင်းဆောင်ရွက်ရခြင်း၏အကျိုးကျေးဇူးရလဒ်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏ဂုဏ်၊တိုင်းဒေသကြီး၏ဂုဏ်၊ ကျောင်းဂုဏ်နှင့်မိမိဂုဏ်ကိုဆောင်နိုင်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များ ဖြစ်အောင်ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဂုဏ်ပြုပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန် ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ( ဗဟိုအဆင့် )တွင် ပထမဆုရရှိ သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား မောင်သက်ပိုင်လင်း(Grade-7)၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ပထမဆုရရှိသည့် ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား မောင်ဝေမြတ်ဇော် (Grade-8)၊  သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် တတိယဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ မရွှေရည်ဖြိုးဦး(Grade-6)တို့က ဆုများအသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)