၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမအကြိမ် အုတ်တွင်းနယ်မြေ အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမအကြိမ် အုတ်တွင်းနယ်မြေ အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်




အုတ်တွင်း၊ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ၂၀၂၄၂၀၂၅ ပညာသင်နှစ်၊ ပထမအကြိမ် အုတ်တွင်း​နယ်မြေအာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ)စျေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အုတ်တွင်းနယ်မြေ ပထမအကြိမ်အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကန်တော့ခံ သက်ကြီးဆရာကြီး/ဆရာမကြီးများအား တက်ရောက်လာသော အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ဆရာမများက သြကာသကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးကန်တော့ကြသည်။

ဆက်လက်၍ ကန်တော့ခံသက်ကြီးဆရာကြီး/ဆရာမကြီးများအား အလှူငွေတစ်ဦးလျှင်​ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဆရာကြီး(၁၀)ဦး၊ ဆရာမကြီး(၂၇)ဦး၊ စုစုပေါင်း(၃၇)ဦးအား၊ အလှူငွေ ကျပ် (၃,၇၀၀,၀၀၀)နှင့် ဆေးဝါးများလှူဒါန်းပေးခဲ့ပြီး ကန်တော့ခံဆရာကြီး ဦးကိုကြီးက သြဝါဒစကားပြောကြားပေးခဲ့ပြီး၊ အာစရိယပူဇော်ပွဲဖြစ်မြောက်​ရေးကော်မတီဝင် ဦးဇော်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အာစရိယပူဇော်ပွဲကို အခြေခံပညာမူလတန်းလွန်(ကသစ်တန်း)ကျောင်းမှကျောင်းသား/ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်းနှင့် အခမ်းအနာသို့တက်ရောက်လာသော ကန်တော့ခံဆရာကြီး/ဆရာမကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဧည့်သည်တော်များနှင့် ကျောင်းသား/ ကျောင်းသူများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။


ခင်ခင်မာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)