အိန္ဒိယ - မြန်မာ စီးပွားရေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယ - မြန်မာ စီးပွားရေးဆွေးနွေးပွဲ ကျင်းပ




နေပြည်တော်၊ ဇန်နဝါရီ ၁၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) တို့ ပူးပေါင်းကျင်းပသည့် အိန္ဒိယ-မြန်မာ စီးပွားရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခုဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရန်နှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေရန်၊ ဈေးကွက်အသစ်နှင့် အခွင့်အလမ်းအသစ်များကို ဖော်ဆောင်ပေးနိုင်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ကဏ္ဍမျိုးစုံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်-ရူပီး တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများကို လုပ်ဆောင်ပေးလျက်ရှိရာ နှစ်နိုင်ငံလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများနှင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ UMFCCI နှင့် IMCC တို့မှ တာဝန်ရှိသူများနှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ဆွေးနွေးပွဲ၌ ကုန်သွယ်မှုတွင် လက်ရှိကြုံတွေ့နေရသည့် ကွန်တိန်နာအခက်အခဲနှင့် သယ်ယူပို့ဆောင်မှုကိစ္စ၊ ပို့ကုန်သွင်းကုန်လိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ ဆေးဝါးနှင့် အလှကုန်တင်သွင်းမှုအတွက် FDA မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် Phyto Certificate လျှောက်ထားမှုနှင့် လယ်ယာထွက်ကုန်အရည်အသွေးဆိုင်ရာကိစ္စရပ်များ၊ ကျပ်-ရူပီး အသုံးပြုမှုလုပ်ငန်းစဉ်နှင့် ပို့ကုန်ရငွေ (Export Earning) ကိုင်ဆောင်အသုံးပြုခွင့်ကာလကိစ္စရပ်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီထွန်းတို့က ရှင်းလင်းဆွေးနွေးဖြေကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အလုပ်သဘောနေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)