ညောင်ဦး၊ ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ့ ၆ နာရီအချိန်၌ သဲဖြူနှင့်မဟာမြိုင်တောရ ဓမ္မရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာ ဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီအချိန်က သံဃာတော်အရှင်သူမြတ် ၁၁၀၀ ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး ၂၀၀ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့်နဝကမ္မအလှူတော်ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားကြီးဝင်း ဝေဇယန္တာ ဓမ္မဗိမာန်တော်ကြီး အတွင်း၌ ရာသက်ပန်ကုမ္ပဏီမှ ထမင်းစတုဒီသာ ခုနှစ်ရက်ကျွေးပြီး နှစ်သစ်ဦးတရားတော်ကို သဲဖြူနှင့်မဟာမြိုင်တောရ ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်က မေတ္တာဗုဗ္ဗ (၁၄) ပါး တရားတော်အား ဟောကြားတော်မူခဲ့ပြီး အလှူတော်ငွေများ ဆက်ကပ်တော်မူကြသည်။
ဇန်နဝါရီ ၁ ရက်၊ နံနက် ၄ နာရီခွဲအချိန်တွင် ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ပင့်သံဃာ ၁၁၀၀ ပါးတို့မှ ဘုရားရင်ပြင်တော်ပေါ်တွင် ဗုဒ္ဓဘိသေက အနေကဇာ တင်ကြသည်။ ပြီးနောက် သံဃာတော်အရှင်သူမြတ် (၁၁၀၀) ပါးနှင့် သီလရှင်ဆရာကြီး/ လေး ၂၀၀ တို့အား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်း၊ ရာသက်ပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မြန်မာပြည်အရပ်ရပ်မှ ကုသိုလ်ရှင်များက ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့အား လောင်းလှူခဲ့ကြောင်း သိရပြီး နံနက် ၉ နာရီအချိန်တွင် စတုဒီသာအလှူနှင့်ဆွမ်းဆန်စိမ်းအလှူတော်အောင်ပွဲ ရေစက်သွန်းချအမျှ အတန်းပေးဝေခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment