ပဲခူးမြို့၊ ကလိကျေးရွာ၌ နှစ်သစ်ကူးပွဲကျင်းပနေစဥ် ကတ်ကြေးဖြင့်ထိုးသဖြင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ကလိကျေးရွာ၌ နှစ်သစ်ကူးပွဲကျင်းပနေစဥ် ကတ်ကြေးဖြင့်ထိုးသဖြင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ


ပဲခူး၊ ဇန်နဝါရီ ၁

ပဲခူးမြို့၊ ကလိကျေးရွာ၌ ဒီဇင်ဘာလ(၃၁)ရက်နေ့ ည(၁၁)နာရီအချိန်ခန့်က ​နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ မိသားစုအတူ နှစ်သစ်ကူးပွဲတော်ကျင်းပနေစဥ် အမျိုးသားတစ်ဦးမှ လာရောက်မူးယစ်သောက်စားပြီး ကတ်ကြေးဖြင့်ထိုးသဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကလိကျေးရွာနေ ဦးအေးနိုင်၏ နေအိမ်ခြံဝင်းအတွင်း၌ ခဖင်ဖြစ်သူဦးအေးနိုင်၊ သားများဖြစ်ကြသည့် ကိုလင်း၊ ကိုကျော်သူရ၊ ချွေးမဖြစ်သူ မဝေနှင်းဦးတို့သည် နှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်ကြသည်။ အဆိုပါပွဲတော်သို့ တစ်ရွာတည်း မျက်နှာချင်းဆိုင် ခြံတွင်နေထိုင်သော နေလင်းအောင်(၃၉)နှစ် မှ အရက်မူးကာဝင်လာပြီး ငါကချင်တယ်သီချင်းဖွင့်ပေး ဟုပြောသောကြောင့် ဖွင့်ပေးခဲ့ပြီး သီချင်းတစ်ပုဒ်ပြီးသည့်အချိန်တွင် ပြန်ခိုင်းရာ နေလင်းအောင်မှ နင်တို့ကငါ့ကိုနှင်ထုတ်တယ်ဟု ပြောဆိုပြီး ၎င်းနေထိုင်ရာ မျက်နှာချင်းဆိုင်နေအိမ်သို့ပြန်သွားခဲ့သည်။ ခဏအကြာတွင် နေလင်းအောင်မှ အရှည်(၁)ပေခန့်ရှိ သံကတ်ကြေးအားကိုင်ဆောင်ကာ ခြံဝန်းအတွင်ရောက်လာပြီး ဆဲရေးတိုင်းထွာမှုပြုလုပ်ကာ စိန်ခေါ်နေသောကြောင့် ကျော်သူရမှ စကားများရန်ဖြစ်ကြမည်ကို စိုးရိမ်သောကြောင့် တားမြစ်ရာ နေလင်းအောင်က အနီးရှိအုတ်နီခဲကျိုးအားကောက်ယူပြီး ကျော်သူရ၏ဦးခေါင်းကိုထုရိုက်သဖြင့် ကျော်သူရလဲကျသွားစဥ် ဝဲဘက်ကျောကုန်းအား ကတ်ကြေးဖြင့်ထပ်မံသဖြင့် ကိုလင်းမှ မလုပ်ပါနဲ့ဟုပြောကာတားရန်ပြေးလာစဥ် ခလုတ်တိုက်လဲကျရာ နေလင်းအောင်မှ ကိုလင်း၏ ဝမ်းဗိုက်အောက်နားအား ကတ်ကြေးဖြင့်()ချက်ထိုးပြီး ခြံဝန်းအပြင်ဘက်သို့ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ကျော်သူရနှင့် ကိုလင်းတို့အား ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပြီး ဇန်နဝါရီလ(၁)ရက်နေ့ (၁၃၂၀)နာရီအချိန်၌ ကျော်သူရသည် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

အဆိုပါမှုခင်းဖြစ်စဥ်နှင့်ပတ်သက်၍ ပဲခူးမြို့၊မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ-ရာဇသတ်ကြီးပုဒ်မ၂၉၄/၃၂၆ဖြင့် တိုင်တန်းထားရှိရာမှ ရာဇသတ်ကြီးပုဒ်မှ-ရာဇသတ်ကြီးပုဒ်မှ၃၀၂/၃၂၆/၂၉၄ဖြင့်ပြောင်းလဲဖွင့်လှစ်ကာ အမှုမှ တရားခံနေလင်းအောင်အား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)