တောင်ကြီး၊ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အရှေ့မြို့ပတ်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း အကြားယာဉ်များ ပိတ်ဆို့မှုမရှိစေရေး၊ စည်ကမ်းမဲ့ယာဉ်ရပ်နားမှု မရှိစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုရရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစိုင်းဇော်ဇော်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာသူများက ကဏ္ဍအလိုက် ဆွေးနွေးတတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက သက်ဆိုင်ရာဌာနမှလိုအပ်ချက်များရေးဆွဲ၍ ပြည်နယ်အစိုးရအဖွဲ့ သို့တင်ပြရန်နှင့် ပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကောင်စီ၏ ညွှန်ကြားချက်ဖြစ်၍ မဖြစ်မနေ ဆောင်ရွက်ရမည့်ဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စည်းကမ်းချက်ပါအတိုင်း အပတ်စဉ် လုပ်ငန်းတိုးတက်မှုအစီရင်ခံစာအား ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန်မှာကြားလိုကြောင်း၊ ယာဉ်မောင်းများ မော်တော်ယာဉ်မောင်းနှင်ရာတွင် အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ရေးလိုက်နာမှုရှိအောင် အလေ့အကျင့်ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ ဝိုင်းဝန်းပညာပေး ခြင်းဖြင့် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သင့်ကြောင်း၊ ယာဉ်မောင်းများသာမက ပြည်သူတစ်ရပ်လုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အထူးလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စစ်ဆေးမှုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ စစ်ဆေးမှုထက် အကြိမ်ရေလျော့နည်း နေသည်ကို တွေ့ရှိရပါကြောင်း၊ နောင်လာမည့်လများတွင် အသိပညာပေးစစ်ဆေးအရေးယူမှုများ ပိုမိုဆောင်ရွက်သင့်ပါကြောင်း၊ လိုင်စင်မဲ့ကားများ ယာဉ်စည်းကမ်း လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသင့်ပါကြောင်း၊ ကားရောင်း/ဝယ်မှုများ ရှမ်းပြည်နယ်တွင် စီးပွားဖြစ်ဆောင်ရွက်နေခြင်းကြောင့် လိုင်စင်မဲ့ကားများ များပြားလာခြင်းဖြစ်ပါကြောင်း၊ မြို့မဈေးအရှေ့ လမ်းမပေါ်တွင် ယာဉ်များရပ်နားမှုနှင့်ပတ်သက်ပြီး အချိန်သတ်မှတ်ကာ ကြာရှည်ရပ်နားခွင့် မပြုရန်နှင့် ရပ်နားခကောက်ခံရန် သင့်/မသင့် ညှိနှိုင်းဆွေးနွေးသင့်ပါကြောင်း၊ မီးပွိုင့်ပတ်ဝန်းကျင်တွင် ယာဉ်ရပ်နားခြင်း လုံးဝမပြုလုပ်စေရန်နှင့် ရပ်နားပါကဖမ်းဆီးအရေးယူ ဆောင်ရွက်ရန်လိုကြောင်း၊ ဆပ်ကော်မတီဝင်များမှလည်း အားနည်းချက်/အားသာချက်များကို အစည်းအဝေးများတွင် တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ စီမံခန့်ခွဲရေးဆပ်ကော်မတီဝင်များမှ လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ နောင်လာမည့် အစည်းအဝေးတွင် တစ်ပါတည်း တင်ပြပေးစေလိုကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်သွားရန် တိုက်တွန်းပြောကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရှုခင်းသာပန်းခြံအနီး အနောက်မြို့ပတ်လမ်းဆုံတွင် ယာဉ်လမ်းကြောမျဉ်းရေးဆွဲနေမှုအား ကြည့်ရှုူစစ်ဆေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment