ချာဒီနိုင်ငံမှာ သမ္မတကိုဖြုတ်ချဖို့ လက်နက်ကိုင်တွေ တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချာဒီနိုင်ငံမှာ သမ္မတကိုဖြုတ်ချဖို့ လက်နက်ကိုင်တွေ တိုက်ခိုက်


ဇန်နဝါရီ - ၉ ( ကြာသပတေးနေ့)

အာဖရိကတိုက် အလယ်ဗဟိုမှာရှိတဲ့ ချာဒီနိုင်ငံရဲ့ မြို့တော် ဒီဂျာမီနာမှာ ဗုဒ္ဓဟူးနေ့ညက အမည်မသိ စစ်သွေးကြွများရဲ့ တိုက်ခိုက်မှုကြောင့် သမ္မတနန်းတော်ကို တင့်ကားများ ဖြန့်ကျက်ကာကွယ် ချထားပြီး မြို့လယ်ခေါင်တွင် သေနတ်သံများ ပြင်းထန်စွာ ကြားနေရကြောင်း သတင်းရင်းမြစ်များကဆိုပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ချာဒီသမ္မတ မဟာမက်ဒီဘီ နှင့် "နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး" ဆွေးနွေးရန်အတွက် ဗုဒ္ဓဟူးနေ့အစောပိုင်းက ဒီဂျာမီနာ သို့ ရောက်ရှိနေပါတယ်။

 ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် “ပြင်းထန်သောသေနတ်ပစ်ခတ်မှု” များ ဖြစ်ခဲ့တယ်။  “လက်နက်ကိုင်တွေက သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့တယ်” လို့ ချာဒီလုံခြုံရေးသတင်းရင်းမြစ်ကို AFP က ကိုးကားဖော်ပြခဲ့ပါတယ်။ အဆောက်အအုံသို့သွားသော လမ်းများအားလုံးကို သံချပ်ကာယာဉ်များဖြင့် ပိတ်ဆို့ထား ပါတယ်။ 

"ဘာမှ မစိုးရိမ်ပါနဲ့၊ ထိတ်လန့်မနေပါနဲ့၊ အခြေအနေက ထိန်းထားနိုင်ပါပြီ" ဟု ချာဒီ အစိုးရ ပြောရေးဆိုခွင့်ရှိသူ အဇစ်မဟာမတ်ဆာလတ်က နောက်ထပ်အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိဘဲ ဗုဒ္ဓဟူးနေ့ ညနေခင်းတွင် ၎င်းရဲ့ ဖေ့ဘုတ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။

နောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး အဘာဒါရာမန် ကူလာမာလက် က တိုက်ခိုက်သူ ၁၈ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်” လို့လည်း ၎င်းက ဆက်လက်ပြောပါတယ်။

ပြင်သစ်ကိုလိုနီဟောင်း ချာဒီနိုင်ငံက အိမ်နီးချင်း မာလီ၊ နိုင်ဂျာနှင့် ဘာကီနာဖာဆိုတို့ ကို ဦးဆောင်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြင်သစ်အစိုးရနဲ့ လုံခြုံရေးသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့ပါတယ်။ တပ်သား ၁၀၀၀ခန့်ရှိတဲ့ ပြင်သစ် စစ်တပ်က ဒီဇင်ဘာလနှောင်းပိုင်က စတင်ထွက်ခွာနေပါပြီ။ 

အင်္ဂါနေ့က ပါရီမှာ ပြုလုပ်တဲ့ သံတမန်အစည်းအဝေးတွင် ပြင်သစ်သမ္မတ Emmanuel Macron က အာဖရိကရှိ ကိုလိုနီဟောင်းနိုင်ငံများက လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အကြမ်းဖက်သမားများနှင့် ခွဲထွက်ရေးသမားများကို နှိမ်နင်းပေးနေတဲ့ ပြင်သစ်စစ်တပ်ကို ကျေးဇူးတင်ကြောင်း မေ့လျော့ကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်ကိုလိုနီဟောင်း အာဖရိကနိုင်ငံတွေကလည်း ပြင်သစ်တွေက ပြိုင်ဖက်စစ်ဘုရင်တွေကိုလည်း မွေးထုတ် နေတယ်လို့ စွပ်စွဲပြီး သူတို့နိုင်ငံလုံခြုံရေးအတွက် ရုရှားနဲ့ တရုတ်နိုင်ငံတွေကိုအကူအညီတောင်းခံနေပါတယ်။ 


Ref - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)