ဇန်နဝါရီ - ၂၂ ( ဗုဒ္ဓဟူးနေ့ )
တူရကီနိုင်ငံမြောက်ပိုင်းက နှင်းလျှောစီးတဲ့ စခန်းမှာရှိတဲ့ ဟိုတယ်တစ်လုံး မနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားရာမှာ သေဆုံးသူ ၆၆ ဦး ရှိခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ မျက်မြင်သက်သေများရဲ့ ပြောကြားချက်အရ လာရောက်တည်းခိုနေတဲ့ သူတွေက မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်မှာ ပြူတင်းပေါက်တွေကနေ အိပ်ရာခင်းများကို ကြိုးပုံစံလုပ်ပြီး ဆင်းပြေးကြပါတယ်။ အချို့က ခုန်ချပြီး ထွက်ပေးခဲ့ကြပါတယ်လို့ သိရပါတယ်။ ခုန်ချပြီး ထွက်ပြေးသူတွေထဲက ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးသွားပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ်မှာ ဟိုတယ်၌ တည်းခိုနေသူ ၂၈၀ရှိတယ်လို့ သိရပါတယ်။
သေဆုံးမှုများပြားရတဲ့ အကြောင်းရင်းက မနက် ၃ နာရီခွဲလောက်မှာ လောင်းကျွမ်းမှုဖြစ်တာရယ်၊ မီးသတ်တပ်ဖွဲ့ က အချိန်မီ မရောက်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ် လို့ သတင်းမီဒီယာတွေက ဆိုကြပါတယ်။ မီးက အောက်ခြေကနေ ခေါင်မိုးအထိတောင် စွဲလောင်ခဲ့ပါတယ်။ လက်ရှိကတော့ မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
REF - Times Nows
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment