ထိုင်း - မြန်မာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်း - မြန်မာ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်လျက်ရှိ


ဘန်ကောက်၊ ဇန်နဝါရီ ၂၂

ထိုင်းနှင့် မြန်မာတို့သည် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဇန်နဝါရီ ၁၈ ရက်က ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးတို့ ဇန်နဝါရီ ၁၆ ရက်က သီးခြားစီ တွေ့ဆုံပြီးနောက် အဆိုပါ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှု မြင့်တက်လာကြောင်းနှင့် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအပါအဝင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသူများက ယုံကြည်မှုမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရာတွင် အင်တာနက်နှင့် ချိတ်ဆက်အသုံးပြုနိုင်မှုကိုသာရည်မှန်းပြီး ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အဓိပ္ပာယ်ရှိရှိ အသုံးပြုနိုင်ရေးအတွက် digital literacy အစီအစဉ်များကိုလည်း အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)