ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ




ဥတ္တရသီရိ၊ ဇန်နဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်ရှိ “အောင်မြေ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက  “စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးပပဖြိုးက “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦးအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး “PM2.5 အကြောင်းသိကောင်းစရာ” အသိပညာပေး Video Clip ပြသခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတမေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားကာ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)