ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ်သိန်း ၆,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်း ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ်သိန်း ၆,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်း ဖမ်းဆီးရမိ



နေပြည်တော်၊ ဇန်နဝါရီ ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးတွင် တောင်ကြီးမှ အောင်ပန်းဘက်သို့ ဟန်လင်းကျော် မောင်းနှင်ပြီး မယွန်းသီရိကျော် လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့သည်။

သတင်းကွင်းဆက်အရ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင်(ခ)ထက်အောင် မောင်းနှင်ပြီး သန်းထွန်း နှင့် ကျော်ဝင်း(ခ)ဘလိ တို့လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ အထက်ပါ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ကျေးရွာနေ စိုင်းလာ(ခ)ကိုစိုင်း ၏ အစီအမံဖြင့် ကွန်ဟိန်းမြို့နယ်၊ ကာလိကျေးရွာနေ စိုင်းဘမောင်(ခ)ကိုဘ(ခ)စိုင်းယွန်း ထံမှ ဝယ်ယူခဲ့ပြီး လွိုင်လင်မြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာနေ စိုင်းထွန်းလှ မှ တောင်ကြီးမြို့သို့ တာဝန်ခံသယ်ဆောင်၍ ဟန်လင်းကျော် နှင့် မယွန်းသီရိကျော် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဇော်ဇော်အောင်(ခ)ထက်အောင်၊ သန်းထွန်း နှင့် ကျော်ဝင်း(ခ)ဘလိ တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းကို တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNO)အဖွဲ့နှင့်ပူးပေါင်း၍ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတွင် စိုင်းထွန်းလှ အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများလက်ခံ၍ ပြန်လည်ရောင်းချသူများဖြစ်သည့် အောင်ကျော်ဌေး(ခ)ကိုဌေး နှင့် စိုင်းဝေအောင် တို့အား သင်္ဃန်းကျွန်းမြို့နယ်၌ လည်းကောင်း၊ ဦးဦးသန့်ဇော် အား တာမွေမြို့နယ်၌ လည်းကောင်း  အသီးသီး ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီးဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)