နယူးယော့ခ်၊ ဇန်နဝါရီ ၁၄
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် သည် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် အမြန်ဆုံး တွေ့ဆုံလိုကြောင်း Newsmax ရုပ်သံလိုင်းနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
မကြာမီကာလအတွင်းတွင် ရုရှားခေါင်းဆောင်နှင့် အမေရိကန် ရွေးကောက်ခံသမ္မတတို့ကြား ဖုန်းပြောဆိုမှုများ ဖြစ်လာနိုင်သည်ဟု ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က ABC News သို့ ပြောကြားခဲ့သည်။
သမ္မတသက်တမ်း ပထမခြောက်လအတွင်း ပူတင်နှင့် တွေ့ဆုံလိုကြောင်း ထရမ့်က ယခင်က ပြောကြားခဲ့ပြီး ယင်းကဲ့သို့ အဆက်အသွယ်များအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကမူ ပူတင်သည် ကြိုတင်သတ်မှတ်ချက်များမရှိဘဲ ၎င်း၏အမေရိကန်လုပ်ဖော်ကိုင်ဖက်အသစ်နှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း၊ အတိအကျ မရှိသေးကြောင်းလည်း ပြောကြားခဲ့သည်။
Ref - TASS
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment