သားဖွားသင်တန်းကျာင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သားဖွားသင်တန်းကျာင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ





အောင်မြေသာစံ၊ ဇန်နဝါရီ ၁၄

သားဖွားသင်တန်းကျာင်း-မန္တလေး၊ ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈လမ်း× ၃၁လမ်းရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ သားဖွားသင်တန်းကျောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာဝင်းပပဝင်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဥက္ကဋ္ဌ၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ခင်ချိုမြင့်နှင့် ပညာရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်များ၊ နည်းပြများနှင့် သားဖွားသင်တန်းဆင်းကျောင်းသူ(၃၃)ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးးစီးဌာနမှူးတို့က သင်တန်းဆင်း ဘက်စုံသားဖွားဆရာမများအား အလုပ်တာဝန်ခန့်အပ်လွှာများ တစ်ဦးချင်းပေးအပ်ကြသည်။ ဆက်လက်၍ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆင်း သင်တန်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကာ တက်ရောက်လာကြသူများ၊ သင်တန်းဆင်းကျောင်းသူများ စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကြသည်။

သားဖွားသင်တန်းကျာင်း-မန္တလေးအနေဖြင့် ဘက်စုံသားဖွားဒီပလိုမာ၊ အမှတ်စဉ်(၉) သင်တန်းတွင် သင်တန်းသူ(၃၃)ဦး အပါအဝင် သားဖွားဆရာမ စုစုပေါင်း (၃၆၄၈)ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရသည်။


မြင့်မော်ထွန်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)