နေပြည်တော်၊ ဇန်နဝါရီ ၁၅
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre -ACC) သို့ ရောက်ရှိရာ ACC အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နည်းပညာတက္ကသိုလ်နှင့် သိပ္ပံများတွင် လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ACC အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဆိုပါစင်တာ၌ တွေ့ဆုံ ပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား အကျိုးစီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများ ဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန် ဖလှယ်ရေး ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာ မြောက် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်များကို အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment