ဇန်နဝါရီ - ၁၅ ( ဗုဒ္ဓဟူးနေ့ )
မနေ့က ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပရစ်တိုးရီးယက်စ် နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဇီလန်စကီက ယူကရိန်း စစ်တပ်မှာ စစ်မှုထမ်း ဝန်ထမ်းများထက် သံချပ်ကာယာဉ်များနှင့် အမြောက်များ အပါအဝင် မရှိမဖြစ်လိုအပ်သော ပစ္စည်းကိရိယာများ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အလေးပေးပြောကြားသွားပါတယ်။
သူ့အနေနဲ့ စစ်သားစုဆောင်းရေးမှာ စစ်မှုထမ်းသက်လျှော့ချပေးဖိုဆိုတာ ပြဿနာ အထူးအထွေ မရှိပေမဲ့ နိုင်ငံတကာ စပွန်ဆာတွေ အနေနဲ့ လက်နက်အကူအညီ လုံလောက်စွာ ရရှိပြီမှသာ စစ်မှုထမ်းသက်ကိစ္စကိုစဉ်းစားလို့မယ်လို့ ဆိုပါတယ်။ဇီလန်စကီရဲ့အဆိုအရ စစ်သားများအားလုံးကို လက်နက် လုံလောက်စွာ တပ်ဆင်ထားကြောင်း သေချာပြီးမှ စစ်မှုထမ်းသက် လျှော့ချတဲ့ ကိစ္စကို ဦးစားပေး လုပ်ဆောင်ရမယ်လို့ ယူကရိန်း မီဒီယာမှ ဖော်ပြခဲ့ပတယ်။
“ကျွန်တော်တို့မှာ စစ်မြေပြင်တိုက််ခိုက်ရေးတပ် တပ်မဟာ ၁၀၀ ကျော်ရှိပြီး သူတို့ အသီးသီးဟာ နေ့တိုင်း ဝန်ထမ်းအင်အား အပြည့်ရှိဖို့ လိုပါတယ်။ ဒါပေမယ့် အထူးသဖြင့် သံချပ်ကာယာဉ်တွေ၊ အမြောက်တွေနဲ့ တခြားလိုအပ်တဲ့ စက်ကိရိယာတွေမှာ ပြတ်တောက်မှုတွေ အမြဲကြုံတွေ့နေရပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
"ဒါကြောင့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ လုံလောက်တဲ့ ထောက်ပံ့ရေး ကိစ္စရပ်ကို ဦးစွာ ဖြေရှင်းရမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဒီတောင်းဆိုမှု အားလုံးကို သိသင့်ပါတယ်" လို့ ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ယူကေ ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်ဝေါလေ့စ်က ဇီလန်စကီနေနဲ့ "အစုလိုက်အပြုံလိုက် စစ်မှုထမ်းခြင်း" ကို လက်ခံကျင့်သုံးမည့်အစား လူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ပြီး တဖြည်းဖြည်းချင်း အစားထိုးဖို့ လိုတယ် လို့ ဝေဖန်ခဲ့ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment