ကျောက်ဆည်တက္ကသိုလ်၌ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်တက္ကသိုလ်၌ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ







စဉ့်ကိုင်၊ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ကချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ မိဘများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြန်မာ့ဆိုင်းဝိုင်းတူရိယာအဖွဲ့က "အမျိုးသားသီချင်း" ဖြင့် တီမှုတ်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက ပညာရေးအဖွဲ့မှ ထောက်ခံချက်ပေးပြီးသောဘွဲ့များကို အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆိုမှုများ၌ တက္ကသိုလ်ကျောင်းထွက်များနှင့် သင့်လျော်ထိုက်တန်စွာ ပြုမူပြောဆိုခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် မွန်မြတ်သော ပညာရှာမှီးမှုကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ထိန်းသိမ်းဆောင်ရွက်ရန်၊ လူနှင့်လူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းသတ္တိရှိသမျှ ဆောင်ရွက်ထိန်းသိမ်း စောင့်ရှောက်ပါမည်လောဆိုသည့် ဂတိများမေးမြန်းရာ ဘွဲ့ရမောင်မယ်များက ဂတိသစ္စာပြုခဲ့ကြသည်။

ယင်းနောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိက၊ အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊  ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဘာသာရပ်ဆိုင်ရာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ သိပ္ပံဂုဏ်ထူး၊ မဟာသိပ္ပံဘွဲ့ ရရှိသူ (၉၈၆)ဦးနှင့် အဝေးရောက်ဘွဲ့ရရှိသူ အဝေးရောက်ဘွဲ့ယူသူ (၂၃)ဦးတို့အား ဘွဲ့များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ကျော်စွာ(စဉ့်ကိုင်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)