နတ်မောက်မြို့၌ ၂၀၂၄/ ၂၀၂၅ ပညာသင်နှစ်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ ၂၀၂၄/ ၂၀၂၅ ပညာသင်နှစ်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


နတ်မောက်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပညာရေးဌာန၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ၂၀၂၄/၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက်မြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးမှ တက်ရောက်လာကြသည့် ဆရာ/ မများအား Grade-5နှင့် Grade-9 စာမေးပွဲနမူနာမေးခွန်းနှင့် အမှတ်ပေးစည်းမျဉ်းဘာသာစုံ ပုံစံပါရှိမှု အကြောင်းအရာများကို ရှင်းလင်းခြင်းနှင့် သင်တန်းပို့ချမည့် စာမေးပွဲနမူနာမေးခွန်းနှင့် နမူနာမေးခွန်း အမှတ်ပေးစည်းမျဉ်စာအုပ်များကို တက်ရောက်လာကြသည့် ဆရာ/ မများအား ပေးအပ်ခဲ့သည်။

နတ်မောက်မြို့၌ ၂၀၂၄/၂၀၂၅ ပညာသင်နှစ် အလုပ်ရုံဆွေးနွေးပွဲသင်တန်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာမူလတန်းအဆင့် Grade-5 ဘာသာရပ် အတွက် ဆရာ/ မ (၂၈၆) ဦးနှင့် အခြေခံပညာ အထက်တန်းကျောင်း (အောင်ဆန်း) တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-9 ဘာသာရပ်အတွက် ဆရာ/ မ (၁၃၀) ဦး တက်ရောက်သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ (၄) ရက်ကြာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှဝင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)