မိုင်းပျဉ်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


မိုင်းပျဉ်း၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၄−၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် နာယကဆရာမကြီးဒေါ်ခင်ညိုညိုက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မိုင်းပျဉ်းမြို့ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက မိုင်းပျဉ်းမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျိုင်းတုံတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခများကလာရောက်ဆွေးနွေးသင်ကြားပို့ချပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခများက တစ်ဦးချင်းမိတ်ဆက်ပေးကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး နာယက ဆရာမကြီး၊ ကျိုင်းတုံတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ အထက်တန်းကျောင်းအုပ်များနှင့် အထက်တန်းပြ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် မိုင်းပျဉ်းမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၄)ဦးတို့အား ပါမောက္ခဌာနမှူး(သမိုင်းဌာန)မှ ဒေါက်တာနွယ်နွယ်အောင်ကဦးဆောင်၍ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက (၁၁−၁−၂၀၂၅)ရက်နေ့မှ (၁၂−၁−၂၀၂၅)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ဘာသာရပ်အလိုက် အလှည့်ကျ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


နန်းသန္တာဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)