နေပြည်တော်၊ ဇန်နဝါရီ ၇
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်နှင့် အမျိုးသမီးအဖွဲ့များမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကော်မတီအတွင်းရေးမှူးများ က အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ NSPAW လုပ်ငန်း ကော်မတီ (၁၂)ရပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကနဦး အစီရင်ခံစာနှင့် နှစ်နှစ်လျှင်တစ်ကြိမ် အစီရင်ခံ စာတင်သွင်းနိုင်ရေး၊ ကျား၊ မ ရေးရာလုပ်ငန်းစဉ်များကို ကဏ္ဍစုံတွင်ထည့်သွင်းခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ခန့်အပ်ထားသည့် သက်ဆိုင်ရာ ဌာနများမှ Gender Focal Point များက လုပ်ငန်း ဆောင်ရွက်မှုများကို သုံးလတစ်ကြိမ် အစီရင်ခံစာ ပြုစုတင်ပြရေးတို့ကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသောကြောင့် အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ကို ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲထားခြင်းဖြစ်၍ အမျိုးသား၊ အမျိုးသမီးအားလုံး သိရှိနိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူး ချုပ်များက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း - NSPAW တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ် (၁၂)ရပ်အနက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း NSPAW လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment