ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂ /၂၀၂၅ ) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၂ /၂၀၂၅ ) ကျင်းပ





ဟားခါး၊ ဇန်နဝါရီ ၃၁

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရန် (၃) ပတ်ခန့်သာကျန်တော့သဖြင့် ကျန်ရှိသည့်အချိန်ကာလအတွင်း ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများအနေဖြင့် စည်းလုံးညီညွှတ်စွာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ၊ ချင်းအမျိုးသားရေးနှင့်ပတ်သက်သည့်အခမ်းအနားဖြစ်သဖြင့် အလေးနက်ထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ညီအစ်ကို မောင်နှမစိတ်ထားပြီး ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ရန်ပုံငွေများသုံးစွဲရာတွင် စိစိစစ်စစ်သုံးစွဲကြရန်နှင့် စာရင်းစစ်ခံနိုင်အောင် သုံးစွဲကြစေလိုကြောင်း၊ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ကြီးကြပ်မှုအနည်းဆုံးနှင့် အောင်မြင်မှုရရှိနိုင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက် မည့်အစီအမံများနှင့် အတည်ပြု ဆုံးဖြတ်ပေးရမည့်အချက်များရှိပါက တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများအနေဖြင့် သုံးစွဲရမည့်ရန်ပုံငွေ၏ ၇၅ ရာခိုင်နှုန်းကို ကြိုတင်ထုတ်ယူခွင့်ပြုထားပြီးဖြစ်သည့် အတွက် ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဆပ်ကော်မတီအသီးသီးတွင်ပါဝင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အတွေ့အကြုံရှိကြသူများဖြစ်သဖြင့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်မည်ဟု ရာနှုန်းပြည့်ယုံကြည်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများဖြစ်ကြသည့် မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေးကော်မတီ၊ ချင်းရိုးရာအခမ်းအနား ပြင်ဆင်ရေးနှင့်ဝတ်စားဆင်ယင်မှုဆပ်ကော်မတီ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေး အထောက်အကူပြုဆပ်ကော်မတီ၊ ပြခန်းများကျင်းပရေးဆပ်ကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးဆပ်ကော်မတီ၊ အရေးကြီးပုဂ္ဂိုလ်များဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ စာတမ်းမှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေး ဆပ်ကော်မတီတို့မှ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က အကြုံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး (၇၇)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)