နေပြည်တော်၊ ဇန်နဝါရီလ ၃၁
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့၊မြို့နယ်ပြည်သူ့ဆေးရုံ၌အခြေပြု၍ ကိုကိုးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၁ ဦး၊ ခွဲစိတ်ရောဂါ ၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၁၀ ဦး၊ အရိုးရောဂါ ၂၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄ ဦး၊ မျက်စိရောဂါ ၃၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၂ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူတစ်ဦး က " ကျွန်မ မျက်စိခွဲစိတ်ကုသဖူးတယ်။ လူတွေတော်တော်များများလည်း ကိုကိုကျွန်းမှာ မျက်စိပြန်ကောင်းသွားတာလည်း တွေ့မြင်ခဲ့ရပါတယ်၊၊ ဒီတစ်ခေါက်ကတော့ နှလုံးရောဂါလာရောက်ကုသတာပါ။ ကျွန်မအနေနဲ့ အခုလိုမျိုး နှစ်စဉ် နှစ်စဉ် လာရေက်ကုသဖို့အတွက်ကိုလည်း မျှော်လင့်ပါတယ်။ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ လှိုက်လှဲစွာကြိုဆိုပါတယ်။ အခုလိုမျိုး ဆေး သင်္ဘော ကြီး လာကုပေးတဲ့အတွက်ကြောင့်မလို့ ရန်ကုန်ကို ပြန်ကုရမဲ့သူတွေလည်း ပြန်မကုရတော့ဘဲနဲ့ ဒီမှာတင် အခမဲ့ကုသပေးတဲ့အတွက်ကြောင့် အရမ်းဝမ်းသာပီတိ ဖြစ်ရပါတယ်ရှင်။" ဟု ပြောသည်။
#MNP #News #Health
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment