ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ





ကြည့်မြင်တိုင်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ပါသည်။

ဦးစွာ ကြည့်မြင်တိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးညီညီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲ‌တော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ဆုရကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

ယင်းနောက် အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ‌များက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။


ရည်ရည်မွန်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)