ပဲခူး၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေခံသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပြည့်စုံလုံလောက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုမရှိဘဲ အမြန်ဆုံးစွမ်းအင်ရရှိနိုင်သည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်/တမံများလည်းရှိသဖြင့် Floating Solar Panels များလည်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိလည်းရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးအအေးခန်းစက်ရုံများ၊ စည်သွတ်ဗူးစက်ရုံများနှင့် ဓါတ်မြေဩဇာစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဘက်စုံ၊ ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရေးတက်ရောက်လာသည့် ကော်မတီဝင်များက ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက COBES INDUSTRIES (BII) COMPANY LIMITED ၏ ခွဲစိတ်ခန်းသုံးနှင့် ကျန်းမာရေးဆက်စပ်ပစ္စည်း (၂၃)မျိုး တိုးမြှင့်ထုတ်လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းနှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ အစုရှယ်ယာပြောင်းလဲခြင်း၊ သွင်းကုန်ပစ္စည်း CODE ပြင်ဆင်ခြင်း အမှုတွဲများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခြင်း အမေရိကန်ဒေါ်လာ(၅.၆၅၁)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း(၁၀၀၀)ဦး ဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၀၉.၀၂၂)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း(၁၀၆၈၄၃.၈၃၂)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၁၃၀၉၁)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment