အလုံမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




အလုံ၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း အနန္တပညာခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားမစမီ ကျောင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ခန်းမတွင် အ.ထ.က (၆) ကျောင်းသား၊ ကျောင်းသူများက ကဗျာလွတ်အကဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခြင်း၊ အလုံမြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် ကျောင်းသားမိဘများနှင့် အလှူရှင်များအား ကျေးဇူးတင်စကားနှင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန် အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆု၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးရ ထူးချွန်ဆု၊ ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကျောင်းတွင်း အင်္ဂလိပ်စာ၊ သင်္ချာထူးချွန် လူရည်ချွန်စသည့် ဉာဏဆုများနှင့် မြို့နယ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(၆) ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးထားသည့် အိမ်တွင်းသုံးပစ္စည်း၊ အလှအပရေးရာပစ္စည်း၊ လက်မှုပစ္စည်းများဖြင့် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ထူးချွန်ဆုရဆရာ၊ ဆရာမ (၇) ဦး၊ ဆုရကျောင်းသား၊ ကျောင်းသူပေါင်း (၉၅) ဦးနှင့် ဆုစုစုပေါင်း (၁၂၆) ဆုချီးမြှင့်ခဲ့ကြောင်းသိရပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ယောဧရာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)