ဇန်နဝါရီ - ၂၄ ( အင်္ဂါနေ့ )
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိစ်မြို့နားက တောမီးက ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေက စပြီး လောင်ကျွမ်းခဲ့ပါတယ်။
အခုဆိုရင် လူပေါင်း ၂ ဒါဇင်ကျော်သေဆုံးခဲ့ပြီး အမြောက်အများပျောက်ဆုံးနေပါတယ်။ မီးက လေပြင်းတိုက်ခတ်မှုကြောင့် အလျှင်အမြန်လည်း ပြန့်ပွားနေပါတယ်။ မီးလောင်ပြင်က ဝါရှင်တန်မြို့အရွယ်အစားလောက်ဖြစ်နေပါပြီ။ ဒီနေ့ မနက်ပိုင်းက စပြီး လေပြင်းတ်ုက်ခတ်မှုက ပိုဆိုးလာတဲ့အတွက် အရေးပေါ်အခြေအနေကို ကြေညာထားရတယ်လို့သိရပါတယ်။
လေတိုက်နှုန်းက တစ်နာရီလျှင် ၇၅ မိုင်နှုန်း (တစ်နာရီ ၁၂၀ ကီလိုမီတာ) နှုန်းဖြင့် အင်္ဂါနေ့အစောပိုင်းမှစ၍ ဗုဒ္ဓဟူးနေ့အထိတိုက်ခတ်ပြီး နောက်ပိုင်းမှာ တစ်နာရီ မိုင် ၅၀ မှ ၇၀ အထိ တိုက်ခတ်နိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာန၏ မိုးလေဝသခန့်မှန်းရေးစင်တာမှ မိုးလေဝသပညာရှင် David Roth ဒေဗစ်ရို့သ်က ပြောကြားခဲ့ပါတယ်။
ခြောက်သွေ့ပြီး အန္တရာယ်ရှိတဲ့ ဟာရီကိန်း ဆန်တာအန်နာ ရဲ့ လေတိုက်နှုန်းက အရှိန်တက်လာတာကြောင့် တနင်္လာနေ့နှောင်းပိုင်းမှာ အလံနီသတိပေးချက် အသက်ဝင်ခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့၏ အဆုံးတစ်ဖက်တစ်ချက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေရာနှင့် မြေပြင်မှ မီးလောင်ကျွမ်းမှုများအား မီးငြှိမ်းသတ်သူ ၈,၅၀၀ ကျော်က ညတွင်းချင်း မပြန့်ပွားအောင် တားဆီးနိုင်ခဲ့ပါတယ်။
"ဒီမီးက ဆိုးသထက်ဆိုးလာပါတယ်။ မီးသတ်နေရတာမဟုတ်ဘူး ။ မီမကူးအောင်လုပ်နေရတယ် " လို့ လော့စ်အိန်ဂျလိစ်မြို့မီးသတ်ဦးစီးချုပ် ခရစ်စတင်းခရိုးလေး မှ ဒေသခံများအား ပြောကြားခဲ့ပါတယ်။ ပြည်နယ်အာဏာပိုင်များကလည်း လော့စ်အိန်ဂျလိစ်နှင့် ကယ်လီဖိုးနီးယားတောင်ပိုင်း ခရိုင်များတွင် မီးဘေးအန္တရာယ် မြင့်မားတဲ့ နေရာတွေမှာ မီးသတ်တပ်ဖွဲ့ဝင်များကို ကြိုတင်နေရာချထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
REF - Reuters
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment