ယူကေမှာ ဂတ်စ်မလောက်တော့ဘူးလို့ အော်ပရေတာက သတိပေးရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကေမှာ ဂတ်စ်မလောက်တော့ဘူးလို့ အော်ပရေတာက သတိပေးရပြီ


ဇန်နဝါရီ - ၁၄ ( အင်္ဂါနေ့)

ယခုရက်ပိုင်းအတွင်း အအေးလွန်ကဲမှုနှင့် ရုရှားဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးများ ရပ်နားထားခြင်းကြောင့်  ဓာတ်ငွေ့သိုလှောင်မှုပမာဏက တစ်ပတ်စာလောက်ပဲရှိတော့တာ ဖြစ်တဲ့အတွက်ကြောင့် ယူကေရဲ့ ဓာတ်ငွေ့သိုလှောင်မှုပမာဏသည် “စိုးရိမ်ဖွယ်ရာနည်းပါး” ကြောင်း ဗြိတိန်၏အဓိကစွမ်းအင်အော်ပရေတာ ဆန်ထရီကာ က သတိပေးပြောကြားခဲ့ပါတယ်။

သောကြာနေ့တွင်ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်တွင်၊ အော်ပရေတာ ဆန်ထရီကာက လည်ပတ်နေတဲ့ နိုင်ငံ၏အကြီးဆုံးဓာတ်ငွေ့သိုလှောင်သည့်နေရာ Rough တွင် လက်ရှိသိုလှောင်မှုသည် ယမန်နှစ်တစ်ချိန်တည်းကထက် ၂၀% လျော့နည်းနေတယ်။ 

ဆောင်းရာသီ မတိုင်မီက ဂတ်စ်တွေက အပြည့်ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။  

အစီရင်ခံစာအရ ဗြိတိန်သည် အေးခဲနေသော ရာသီဥတုနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဆောင်းရာသီတွင် စွမ်းအင်လိုအပ်ချက် ဖိအားများအောက်တွင် ရောက်နေပါတယ်။  ရုရှားပိုက်လိုင်းမှ ဓာတ်ငွေ့များ ဖြတ်သန်းခွင့်မပြုတော့ဘူလို့ ယူကရိန်း၏ ဆုံးဖြတ်ချက်ကလည်း ဂတ်စ်တွေဈေးတက်လာဖို့ ပေါင်းစပ်ထားသလိုဖြစ်သွားပါတယ်။ 

 ပုံမှန်အပူချိန်ထက် အေးနေခြင်းကြောင့် ယူကေတစ်ဝှမ်းရှိ ဓာတ်ငွေ့သိုလှောင်မှုများ လျော့နည်းသွားခဲ့ရပါတယ်။

“ဆောင်းရာသီအစောပိုင်းလောက်တည်းက ဓာတ်ငွေ့သိုလှောင်မှုဟာ စလျော့လာတာပါ။ ဒီဇင်ဘာလရောက်တော့ ပုံမှန်ထက် လျော့နည်းနေပါပြီ။ ဂတ်စ်ဈေးတွေတက်လာတော့  ခရစ်စမတ်ကာလအတွင်းမှာ လူတိုင်း စွမ်းအင်အတွက် ငွေပိုသုံးခဲ့ရပါတယ်" လို့  ဆန်စရီကာက ၎င်းရဲ့ အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။ 

ယေဘူယျအားဖြင့်၊ ဇန်နဝါရီ ၉ ရက်အထိ၊ ယူကေ ဂတ်စ် သိုလှောင်မှုဆိုက်များမှာ ယခင်နှစ်စာရင်းထက် ၂၆ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ၎င်းတို့ကို တစ်ဝက်မပြည့်ပြည့်အောင် ထားခဲ့ရတယ်လို့ မှတ်ချက် ပြုခဲ့ပါတယ်။ 

အဲ့ဒိလိုအခြေအနေက "ဥရောပတစ်ဝှမ်းလုံးမှာပဲ့တင်ထပ်တယ်"လို့ ကုမ္ပဏီမှပြောကြားခဲ့ပါတယ်။ 

ဇန်နဝါရီလ ၇ ရက်နေ့အထိ ဥရောပသိုလှောင်မှုပမာဏသည် ၆၉ % တွင်ရှိပြီး ယခင်နှစ်တွင် ၈၄ % ရှိခဲ့ပါတယ်။ နိုင်ငံအများအပြားက ဆောင်းရာသီမတိုင်မီ သိုလှောင်မှုအဆင့် အနည်းဆုံးကို ပြဌာန်းထားသော်လည်း အဲ့ဒါက ဆောင်းရာသီမတိုင်မီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ဗြိတိန်က အီးယူနှင့်မတူဘဲ၊  မဖြစ်မနေ ဓာတ်ငွေ့သိုလှောင်မှု ထားရှိရမယ်ဆိုတဲ့ ရည်မှန်ချက် မရှိပါဘူး။ အီးယူက ၂၀၂၂ ကစပြီး စွမ်းအင်အကျပ်အတည်းကာလအတွင်း ဈေးနှုန်းမြင့်တက်လာမှုနဲ့ ထောက်ပံ့မှုဆိုင်ရာ ကြောက်ရွံ့မှုများဖြစ်ပေါ်လာပြီးနောက်တွင် အဆိုပါရည်မှန်ချက်များကို ချမှတ်ခဲ့တာပါ။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)