ဥရောပ ရွေးကောက်ပွဲတွေကို X မီဒီယာက လွှမ်းမိုးနေလို့ ပိတ်ထားသင့်တယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပ ရွေးကောက်ပွဲတွေကို X မီဒီယာက လွှမ်းမိုးနေလို့ ပိတ်ထားသင့်တယ်လို့ ဆို


ဇန်နဝါရီ - ၁၄ ( အင်္ဂါနေ့ ) 

ပြင်သစ်နိုင်ငံရေးပါတီ The Ecologists ၏ခေါင်းဆောင် မာရိန်းတွန်ဒီလီယာ သည် ဆိုရှယ်မီဒီယာပလက်ဖောင်း X ( ယခင်တွစ်တာ)ကို  ဥရောပသမဂ္ဂတစ်ဝှမ်းတွင် အနည်းဆုံး ရွေးကောက်ပွဲကာလအတွင်း ပိတ်ပင်ထားရန် တောင်းဆိုခဲ့ပြီး ၎င်းက ဒီမိုကရေစီကို ခြိမ်းခြောက်မှုနေတယ်လို့ ဆိုလိုက်ပါတယ်။ 

တနင်္ဂနွေနေ့က RTL ရုပ်သံ၏ Le Grand Jury အစီအစဉ်တွင် ပြောကြားရာတွင် တွန်ဒီလီယာက  ပလပ်ဖောင်းပိုင်ရှင် အီလွန်မက်စ် နှင့် အီးယူ အရာရှိများကြားတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဆိုရှယ်မီဒီယာ၏ လွှမ်းမိုးမှုအပေါ် စိုးရိမ်မှုရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

"ကျမပြောချင်တာက လက်ရှိဖြစ်နေတဲ့ကိစ္စက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို 

မေးခွန်းထုတ်တာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာပေါ်ကနေ လူထုရဲ့ အမြင်ကို တဖက်သက် ပုံဖော်နေတာပဲဖြစ်ပါတယ်” လို့၎င်းက ဆိုပါတယ်။ 

တွန်ဒီလီယာသည် ပြင်သစ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာတွေရဲ့ ပိုင်ဆိုင်မှု ကြီးထွားလာခြင်းကို မီးမောင်းထိုးပြပြီး “အလွန်ကြွယ်ဝသော ပုဂ္ဂိုလ်များ” သည် ၎င်းတို့ ကြွယ်ဝချမ်းသာမှုကို ဆိုရှယ်မီဒီယာတွေပေါ်မှာ စုဆောင်းပြီးသည်နှင့် သူတို့က က “ပါဝါဝယ်” ရန် ကြိုးပမ်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

“ဆိုရှယ်မီဒီယာတွေက ရွေးကောက်ပွဲ ရလဒ်ကို ထိခိုက်စေတယ်။ ရွေးကောက်ပွဲကဲ့သို့သော အရေးကြီးသည့်ကာလများအတွင်း X ကို ပိတ်ပင်ထားရန် အကြံပြုပါတယ်။  ကျမတို့ရဲ့ဒီမိုကရေစီနိုင်ငံများအတွက် ဆိုရှယ်မီဒီယာတွေက စိန်ခေါ်မှုတစ်ခုဖြစ်နေတာကြောင့် အန္တရာယ်ရှိပါတယ်” လို့သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“တွစ်တာလူမှုကွန်ရက်ဟာ စိတ်အနှောက်အယှက်ဖြစ်ရုံသာမက အန္တရာယ်လည်းရှိပါတယ်။ 

တားမြစ်ရမယ်” ​​လို့ X တွင် ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ တွန်ဒီလီယာ သည် ယခု နွေရာသီ၏ ဥပဒေပြုရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နေရာအများဆုံးအနိုင်ရရှိထားသော လက်ဝဲယိမ်းလူကြိုက်များတပ်ဦး (NPF) မှ ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား အခြားကွန်ရက်များသို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)