“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့်စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့်စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး





နေပြည်တော်၊ ဇန်နဝါရီ ၁၁

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။ 

ဒုတိယနေ့ဆွေးနွေးပွဲတွင် အာဆီယံမဏ္ဍိုင်(၃)ရပ်ကို အဓိကတာဝန်ယူထားကြသည့် တာဝန်ရှိသူများ၊ အာဆီယံဆိုင်ရာကဏ္ဍအသီးသီးကို တာဝန်ယူထားသည့် ဘာသာရပ်ကျွမ်းကျင်သူ အရာရှိများက ပထမနေ့တွင် ဆွေးနွေးခဲ့သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းအောက်ရှိ ဆွေးနွေးအကြံပြုတင်ပြချက်များနှင့် ရလဒ်များပေါ်အခြေခံ၍ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းအောက်ရှိ လုပ်ငန်းပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ဖော်ထုတ်၍ အာဆီယံယန္တရားများနှင့် အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆွေးနွေးကြသည်။

ထိုနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အာဆီယံအတွင်း မဏ္ဍိုင်(၃)ရပ်အောက်ရှိ ကဏ္ဍပေါင်းစုံလွှမ်းခြုံသော မဟာဗျူဟာမြောက် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်မူကြမ်းတစ်ရပ် ပေါ်ထွက်လာနိုင်ရေးသက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ပေါင်းစပ်ညှိနှိင်းသွားကြရန်နှင့် တူညီသော ပန်းတိုင်သိုရောက်အောင် စုပေါင်းအင်အားဖြင့် အစွမ်းကုန်ချီတက်နိုင်ရန် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ပိတ်သိမ်းလိုက်သည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှတစ်ဆင့် အာဆီယံ မဏ္ဍိုင်(၃)ရပ်အောက်ရှိ ဝန်ကြီးဌာနများအကြား ကွန်ရက်တစ်ခု ပေါ်ထွက်လာနိုင်ကြောင်း၊ ဆွေးနွေးပွဲရလဒ်များကို အခြေခံကာ နိုင်ငံတော်အဆင့်လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိင်းရေးဆွဲသွား မည်ဖြစ်ကြောင်း၊ ထိုပြင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို ဖော်ဆောင်ရာ၌ အာဆီယံမဏ္ဍိုင် အသီးသီး၏ဗျူဟာမြောက် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက အပြုသဘောပူးပေါင်းပါဝင်ကာ မိမိတိုနိုင်ငံအကျိုးကို ဒေသအကျိုးစီးပွားနှင့် ချိတ်ဆက်ဖော်ဆောင်နိုင်မည့်နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)