သာပေါင်း၊ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စုတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကျနောက်စိုက် ပေါ်ဆန်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးဦးထွန်းမြ၊ ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးမှူးဒေါ်အေးအေးမူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်ကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးစိုက်ပျိုးရေးဦးစီးအရာရှိဦးမျိုးမြင့်လွင်၊ မြေစာရင်းဦးစီးအရာရှိဦးထွဋ်ခန့်ဝင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများတက်ရောက်ကြပြီး ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၊ ကွင်းအမှတ်(၈၃၀B)၊ ဦးပိုင်အမှတ်(၅၅/၃)၊ (၅)၊ တောင်သူဦးမြင့်အောင်(၁၀)ဧကတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေကျနောက်စိုက်ပေါ်ဆန်းမိုးစပါး စံကွက်ရိတ်သိမ်းပွဲအခမ်းအနားပြုလုပ်ရာ ပေါ်ဆန်း(ဘေးကြား)အစို(၉၇.၆၄)တင်း၊ အခြောက်(၉၂)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment