ဇန်နဝါရီ - ၁၀ ( သောကြာနေ့ )
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်ရဲ့ အကြီးတန်းအရာရှိ တစ်ဦးရဲ့ အဆိုကို ကိုးကားပြီး The Times of Israel သတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မလောင်း ဒေါ်နယ်ထရမ့်က မြို့တော်ဝါရှင်တန်ဒီစီရဲ့ လွှတ်တော် အဆောက်အုံမှာ အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် သမ္မတရာထူးကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုမှာပါ။ အဲ့ဒိလိုပွဲမျိုးကို အစ္စရေးလို အမေရိကန်အထောက်အပံ့ခံ နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေက မဖြစ်မနေ တက်ရောက်ကြပါတယ် ။ ဒါပေမဲ့ နေတန်ယာဟုက အဲ့ဒိပွဲကိုမတက်ရောက်နိုင်ဘူး ဖြစ်သွားပါတယ်။
နေတန်ယာဟု၏ အကြီးတန်းလက်ထောက်ကတော့ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို အဘယ်ကြောင့် ဖျက်သိမ်းခဲ့ ရသည်ကို အသေးစိတ် မဖော်ပြထားပါ ။ သို့သော်လည်း အချို့သောမီဒီယာများက အစ္စရေးဝန်ကြီးချုပ်၏ ဆီးကျိတ်ခွဲစိတ်မှုကို ကိုးကားပြီး ကျန်းမာရေး လုပ်ထုံးလုပ်နည်းအတိုင်း အနားယူရန် ဖျက်သိမ်းတယ်လို့ ဆိုပါတယ်။
ယခု ဖျက်သိမ်းလိုက်သည့် နေတန်ယာဟုရဲ့ ဝါရှင်တန်ခရီးစဉ်က သူ့ကို နိုင်ငံတကာရာဇဝတ်မှု ရုံး ICC က ဖမ်းဝရမ်း ထုတ်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်ဖြစ် ပါတယ်။ သူနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းဂေါ်လန် တို့ကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာမှုနဲ့ တရားစွဲဆိုထားပြီး နိုဝင်ဘာလတုန်းက ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတကာအပြင် အဖွဲ့ဝင်နိုင်ငံများအချင်းအချင်းမှာပါ သဘောထား ကွဲလွဲမှုတွေဖြစ်နေပါတယ်။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီက ဖမ်းဝရမ်းကို ကျင့်သုံးမည်မဟုတ်လို့ ကြေညာပြီးနောက်မှာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ အမေရိကန်က ဟန်ဂေရီကို ရှုတ်ချခဲ့ပါတယ်။
ထရမ့်နဲ့ နေတန်ယာဟုကြားမှာရှိတဲ့ ဆက်ဆံရေးကတော့ အထူးကောင်းမွန်တယ်လို့ သိရပြီး ထရမ့်က အစ္စရေးနဲ့ အမေရိကန် ဓားစားခံတွေကို ဟားမတ်လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပြန်မလွှတ်ရင် အရှေ့အလယ်ပိုင်းကို ငရဲကျသွားစေရမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြိမ်းဝါးထားတာရှိပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment