မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ



မိုင်းပန်၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းလွန်ကျောင်း(မွေတော်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

အဆိုပါပွဲတော်တွင် အခြေခံပညာအလယ်တန်းကျောင်းမွေတော်၏ ဘင်ခရာနှင့်ပန်းပွားတပ်ဖွဲ့မှ မြန်မာ့‌‌ကျောင်းသီချင်းနှင့် အာရှမြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကွယ်က အမှာစကားပြောကြား၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေပြည်တော်(ဗဟိုအဆင့်)၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ/ဉာဏ ထူးချွန်ဆုရ ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်သော စေတနာရှင်၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဆရာ/မများနှင့် ကျောင်းသား/သူများမှ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းလွန်ကျောင်း(မွေတော်)၏ ပညာရေးစုံညီပွဲတော်အား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)