ရန်ကုန်၊ ဇန်နဝါရီ ၁
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၂ ရက်မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က Box ကားပလက်ဖောင်းပေါ်တက်ပြီး ခြံစည်းရိုးနှင့် ဓာတ်တိုင်ကြားညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီပေးခဲ့ရသည်။
အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းအတိုင်းမောင်းနှင်လာသည့် Box ကားသည် အခင်းဖြစ်နေရာအရောက် လမ်းဘေးပလက်ဖောင်းပေါ်တက်ပြီး ခြံစည်းရိုးနှင့်ဓာတ်တိုင်ကြားတွင် ညပ်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကားခေါင်းခန်းအတွင်း၌ အမျိုးသားတစ်ဦးညပ်နေသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၄၁ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကယ်ထုတ်ပေးခဲ့ကြပြီးနောက် ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment