ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်








ပဲခူး၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ ရစ်ဝတံတားတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းသည် အနာဂတ်တွင် သီလဝါဆိပ်ကမ်းမှ တိုက်ရိုက်ကုန်စည်ပို့ဆောင်မည့် လမ်းကြောင်းဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွက် ဒေသထွက်ကုန်များ တင်ပို့ခြင်းအတွက် အရေးပါသည့် လမ်းမကြီးတစ်ခုဖြစ်၍ လမ်းအရည်အသွေးကောင်းမွန်ခြင်းနှင့် တံတားများ၏ အရည်အသွေးများ ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် တံတားကမ်းကပ်ခုံများ ရေတိုက်စားမှုဒဏ်ကာကွယ်ရေးစနစ်များ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်ဝင်း၏ အသားစားကြက်ကောင်ရေ(၆၀၀၀၀)အောင်မြင်စွာ မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်တိုးချဲ့မွေးမြူရန်၊ သဘာဝရေပြင်ပေါများသည့် ဒေသဖြစ်၍ ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဇီဝလုံခြုံရေးအထူးဂရုစိုက်မွေးမြူရန်နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရိစ္ဆာန်ထုတ်လုပ်သုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ ဇွဲဘာကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်းစံပြကွက်ဧက(၅၀၀)စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကဝမြို့နယ်သည် ပဲမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်၍ မြေလပ်မရှိစိုက်ပျိုးသွားရန်၊ မိသားစုတစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက်စေရေး ဒေသကြက်မွေးမြူရေးလုပ်ငန်းများ တွဲဖက်ဆောင်ရွက်ရန်နှင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိုးကျရောစပ်ကြဲပတ်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် အသီးအပွင့်အားဆေးများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ကဝမြို့နယ်အတွင်း ရေဝင်ရောက်မှုလျော့နည်းသက်သာစေရေး ဘုမ္မစိုးရေထုတ်မြောင်း တူးဖော်ပေးနိုင်ရေးတွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ ကျားတက်ကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်သန်းသန်းဖြူ၏ ရိုးရာယက္ကန်းလုပ်ငန်း၌ အမျိုးသမီးလုံချည်နှင့် တိုင်းရင်းသားရိုးရာအထည်များ ရက်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အထည်ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် ကိုယ်ပိုင်တံဆိပ်ဖြင့် ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိနိုင်ရေး၊ ယက္ကန်းနည်းပညာသစ်များရရှိနိုင်ရေးနှင့် ကျေးရွာအတွင်းရှိ ယက္ကန်းလုပ်ငန်းများအား အစုအဖွဲ့ ဖွဲ့စည်း၍ ချေးငွေရရှိနိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)