ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 



ဟားခါး၊ ဇန်နဝါရီ ၂၃

ချင်းပြည်နယ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်သမဝါယမဦးစီးဌာနက ဖွင့်လှစ်သော စာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက၊ ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သဘာဝအရင်းအမြစ် ရှားပါးသော်လည်း လူသားအရင်းအမြစ်ရှိသည့် နိုင်ငံများဟာ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိရကြောင်း၊ သဘာဝအရင်းအမြစ်များထုတ်သုံး၍ ကုန်သွားနိုင်ပေမယ့် သုံးမကုန်သည့် အရင်းအမြစ်ဟာ လူသားအရင်းအမြစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံချက်များချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ထို့အတူ ချင်းပြည်နယ်အတွင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများက ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့သကဲ့သို့ အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပလုပ်ငန်းရှင်များ၊ နည်းပညာရယူလိုသည့် လူပုဂ္ဂိုလ်များကိုလည်း သင်တန်းဖွင့်လှစ်ပေးလျက်ရှိပါကြောင်း ၊ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ဆံသသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း စသည့်သင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ Knowledge Sharing ထုတ်ကုန်ပြပွဲအနေဖြင့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ထုတ်ကုန်ပြပွဲများကိုလည်း ခင်းကျင်းပြသနိုင်ခဲ့ပါကြောင်း၊ ဤသင်တန်းတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ ရေးဆွဲနေသည့် ကုန်ထုတ်လုပ်မှုစာရင်းများ၊ ကုန်သွယ်မှုစာရင်းများ၊ အရှုံးအမြတ်စာရင်းများနှင့် ဘဏ္ဍာရေးအခြေအနေပြ လက်ကျန်ရှင်းတမ်းများအထိ ရေးဆွဲနိုင်မည့် (Accounting Concept) များကို သင်ကြားပို့ချသည်ဟု သိရှိရပါကြောင်း၊ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ဒေသခံပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာကာ ပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလာမည်ဖြစ်ကြောင်းနှင့် လာမည့်ကာလများတွင်လည်း နည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက သင်တန်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး သင်တန်းတွင် အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ သင်တန်းတွင် တစ်ဦးချင်း ပထမ၊ ဒုတိယရရှိသူ များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း၊ သင်တန်းတွင် တစ်ဦးချင်း တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်သမဝါယမ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူတင် စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်း အနား တက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)