ကန့်ဘလူ၊ ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဆားကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အမျိုးသားငါးဦးနှင့် အမျိုးသမီးရှစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအား အကြောက်တရားလွှမ်းမိုးစေရန် အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များ အသုံးပြု၍ နှောင့်ယှက်ပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့လုပ်ဆောင်လျက်ရှိသည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment