မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီး၊ ပြည်နယ်မန်နေဂျာများနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများယုံကြည်စိတ်ချရသော နိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍ ပြည်သူများက အပ်ငွေများ တိုးမြှင့်အပ်နှံလာရေး၊ အပ်ငွေများကို ထိရောက်စွာအသုံးချပြီး အရည်အသွေးပြည့်ဝသည့် ချေးငွေများကို ဘဏ်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ချေးရေးနှင့် ချေးငွေသုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအတွက် မန်နေဂျာများက စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြရန်၊ ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်စေရေး၊ ကြွေးကျန်များ လျော့နည်းကျဆင်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဘဏ်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်နိုင်ရေးအတွက် ဘဏ်တွင်းစာရင်းစစ်ဌာနခွဲမှ ဘဏ်ခွဲများအား ပုံမှန်စစ်ဆေးခြင်း၊ သွားလာရန်ခက်ခဲသည့် ဘဏ်ခွဲများကို Off-site စနစ်ဖြင့် စစ်ဆေးခြင်းများကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ ငွေကြေးမသမာမှုများနှင့် အလွဲသုံးစားမှုများကို အချိန်မီထိရောက်စွာ ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူပြည်သူများ ဘဏ်နှင့်အကျွမ်းတဝင်ရှိလာပြီး ဘဏ်လုပ်ငန်းတွင် ယုံကြည်မှုရှိစွာဖြင့် အားလုံးပါဝင်ဆောင်ရွက်လာနိုင်စေရေးအတွက် ပြည်သူများအား ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာနှင့် ခေတ်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရရှိခံစားစေရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။

မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်း ပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများအပါအဝင် ကဏ္ဍအလိုက် ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)